လမ်းထိပ်မှာ ကားနဲ့ကြက်ဥဆယ်လုံး1100 ဆိုပြီးလာရောင်းလို့
အလုံး 30 ပြေးဝယ်လိုက်တယ်
လူအုံနေလို့ နည်းနည်းတော့တန်းစီလိုက်ရတယ်
ကြက်ဥဝယ်ပြီးပြန်လာတုန်း
တယောက်က ဟိုဘက်လမ်းမှာ
ဆီတပိဿ 6000နဲ့ တယောက်ကို ငါးပိဿရောင်းပေးနေတယ်ဆိုလို့
ဆီပုန်းအမြန်ယူ ဆိုက္ကားဌားပြီး အမြန်သွားဝယ်တာ ကိုယ့်ထက်အရင်ရောက်သူတွေကြောင့်တန်းစီလိုက်ရတယ်
ငါးပိဿတော့ရလိုက်တယ်
ကိုယ်လည်းမထူးဘူး ဆိုက္ကားဆရာကိုတထောင်ပေးပြီးနောက်ငါးပိဿဆရာဝယ်ပေးဆိုပြီးဝယ်ခိုင်းလိုက်တယ် ငါးပိဿနှစ်ပုံးတော့ အိမ်ထဲရောက်ပြီ
အိမ်ရောက်ယုံရှိသေးတယ်
သူငယ်ချင်းကဖုန်းဆက်လာတယ် သူတို့ရပ်ကွက်မှာဆန်တပြည် 2000 တယောက်ဆယ်ပြည်ရမယ်ဆိုလို့
အခုန ဆိုက္ကားနဲ့ပဲအမြန်သွား
ဝယ်တယ် သူငယ်ချင်းမျက်နှာနဲ့ ဆန်တစ်အိပ်ရခဲ့တယ်
သူပဲပြောပေးလို့ နို့ဆီတဗူး 1100နဲ့ ဗူး20 တခါထဲဝယ်ခဲ့လိုက်တယ်
ဆန်တွေ ဆီတွေ ကြက်ဥတွေ နို့ဆီတွေ အကုန်ပတ်ဝယ်နေတုန်းတော့ မောရမှန်းမသိဘူး
အားလုံး အိမ်ထဲရောက်ပြီဆိုမှ မောလိုက်တာ ဘယ်လိုမောမှန်းမသိဘူး
ဘယ်လောက်ထိမောလဲဆို ကျုပ်အိပ်မက်ကလန့်နိးလာတဲ့အထိ အပြင်မှာမောနေတုန်းပဲ 😁😁